√ 𝙉𝘾𝙏/𝙉𝘾𝙏 𝘿𝙍𝙀𝘼𝙈
// 𝘿𝙚𝙗𝙪𝙩 //- 2016 မှာ Chenle ရဲ့ mama ကို SM ကနေ ဆက်သွယ်လာတဲ့အချိန်မှာ Chenle ရော Chenle mama ရောက SM ကို မသိတာရော Chenle က စာကိုပဲ အာရုံစိုက်ချင်တာကြောင့် အစက ငြင်းလိုက်ဖို့ လုပ်ခဲ့ပါတယ်တဲ့။ နောက်မှ Chenle papa က SM ကို သိပြီး SM ကို ကုမ္ပဏီကောင်းတစ်ခုလို့ ပြောတာကြောင့် လုပ်ကြည့်မယ်ဆိုပြီး Korea ကို ရောက်လာခဲ့တာပါ။- Chenle ရဲ့ SM ကိုရောက်လာပုံ အပြည့်အစုံကို ဒီမှာကြည့်လို့ရပါတယ်။
- Chenle က idol ဖြစ်ဖို့ Korea ကိုသာမလာဖြစ်ခဲ့ရင် Switzerland မှာ ကျောင်းတက်ဖို့ စီစဉ်နေခဲ့တာပါ။" 신성대 / 中国新声代 / Let's Sing Kids! "ဆိုတဲ့ Chinese Programကနေ Chenleကို တွေ့ပြီး castingခေါ်ယူခဲ့တာပါ။
- March 6 , 2016 မှာ SMကို စရောက်ခဲ့ပါတယ်။
- August 2016 မှာ 5 လတည်း training ဆင်းပြီး NCT DREAM ရဲ့ member အဖြစ် debut ခဲ့ပါတယ်။ Chenle က NCT တစ်ဖွဲ့လုံးထဲမှာ SM Rookies အဖြစ်မိတ်ဆက်ခြင်း မခံခဲ့ရဘဲ debut ခဲ့တဲ့ member တွေဖြစ်တဲ့ Renjun, Shotaro, Sungchan တို့ အပါအဝင် ၄ ယောက်ထဲက တစ်ယောက်ဖြစ်ပါတယ်။- Traniee period တိုပေမယ့်လည်း Renjun နဲ့ Chenleက Groupမှာ Main Vocalဖြစ်ဖို့ လုံလောက်တဲ့ skillရှိပါတယ်လို့ SM Rookie Development Teamက ပြောဖူးပါတယ်။
- NCT Uအဖြစ် Oct 20 , 2020မှာ From Home MVနဲ့အတူ debutခဲ့ပါတယ်။
// 𝗜𝗻𝗱𝗶𝘃𝗶𝗱𝘂𝗮𝗹 𝘼𝙘𝙩𝙞𝙫𝙞𝙩𝙞𝙚𝙨 𝗮𝗻𝗱 𝗢𝘁𝗵𝗲𝗿𝘀 //- December 7, 2018 မှာ NCT ရဲ့ maknae 2 ယောက်ဖြစ်တဲ့ Chenle နဲ့ Jisung တို့ ပါဝင်တဲ့ "Chenji This and That" content ကို စတင်ချပြခဲ့ပါတယ်။ "Chenji This and That" content ဟာ NCT content တွေထဲမှာ အကြာဆုံးနဲ့ episode အများဆုံး content ဖြစ်ပြီး အခုအချိန်ထိ Episode 21 ပိုင်းပါတဲ့ Season 1 ပြီးပြီဖြစ်ပြီး Season 2 ကို ဆက်လက် ထုတ်လွှင့်နေဆဲပါ။
- 2019 ခုနှစ်မှာ OYF Hot Spring ရဲ့ brand ambassador တွေအဖြစ် Chenle ဟာ Renjun နဲ့ အတူ ခန့်အပ်ခြင်းခံခဲ့ရပြီး နှစ်ယောက်တည်း Activities တွေ ရှိခဲ့ပါတယ်။
- September 3, 2019 The Show မှာ Chenle က JenShow မှာပါချင်တယ်ဆိုပြီး ပြောတာကြောင့် Jenoက Special MCအဖြစ် recommend ပေးပြီး ပထမဆုံးအနေနဲ့ MC အဖြစ် debut ခဲ့ပါတယ်။
- 2019 ISAC Chuseok Special မှာ NCT DREAM group လိုက် eSports မှာ Golden Medal ရရှိခဲ့ပါတယ်🥇
- May 20 , 2020 မှာ Renjun နဲ့အတူ graduation အမှတ်တရအနေနဲ့ သီဆိုထားတဲ့ "新的开始 (A New Beginning)" နာမည်နဲ့ သီချင်း ထွက်ရှိခဲ့ပါတယ်🎓
- Chenle က Jisung နဲ့အတူတူ Elle Magazine ရဲ့ July 2020 issue မှာ ပါဝင်ခဲ့ပါတယ် ။ Chenle နဲ့Jisung ရဲ့ ပထမဦးဆုံး duo pictorial တစ်ခုပါပဲ။ Elle Magazine ကနေပြီးတော့ Chenle နဲ့ Jisung အတွက် Mission Ellepossible ဆိုတဲ့ Q&A , Quiz content လေးပါ ထုတ်ပေးထားတာပါ ။ Content လေးကိုဒီမှာကြည့်လို့ရပါတယ်။
- 2020 Idol Star eSports Championships မှာ Solo မှာ Chenle ဟာ အနိုင်ရရှိခဲ့ပြီး Winner Winner Chicken Dinner နဲ့အတူ Golden medal နဲ့ beef set တို့ကို ရရှိခဲ့ပါတယ်🥇(eSports ဆော့တိုင်း သူက group ရဲ့ hard carry ပါပဲ။)
- 2020 ISAC New Year Special တုန်းက Jaemin, Jeno, Chenle တို့က Archery(men) မှာ အနိုင်ရရှိခဲ့ပြီး Golden Medal ပိုင်ဆိုင်ခဲ့ပါတယ်🥇
- October 12, 2020 မှာ Chenle ဟာ Yuedong Seoul radio show ရဲ့ Fixed/Main DJ ဖြစ်လာခဲ့ပြီး September 12, 2021 အထိ 355 ရက်တိတိမှာ DJအဖြစ် ဆောင်ရွက်ခဲ့ပြီးနောက် DJ အဖြစ်ကနေ အနားယူခဲ့ပါတယ်။
- 2020မှာ Jenoနဲ့အတူ Play Seoul Ep5မှာ ပါဝင်ခဲ့ပါသေးတယ်။
- February 2021 မှာထွက်ရှိခဲ့တဲ့ IMLAY ရဲ့ 4th EP "UTOPIA" Album မှာပါရှိတဲ့ "Too Good" ဆိုတဲ့ သီချင်းမှာ featuring လုပ်ခဲ့ပါတယ်။
- Renjunနဲ့ အတူ 2021 ခုနှစ်မှာ တရုတ်နိုင်ငံမှာ စတင် launch လုပ်ခဲ့တဲ့ eco-friendly transportation အတွက် Green Travel Card နဲ့ Beijing Yikatong တို့ collaborate လုပ်ခဲ့တဲ့ transportation card တွေရဲ့ brand ambassador အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
- July 30 , 2021မှာ Chenleရဲ့ First Solo Magazineဖြစ်တဲ့ ELLE IDOL - Digital Magazine ထွက်ခဲ့ပါတယ်✨